မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခြင်းသည် အမေရိကန် နိုင်ငံရေးသမားများအား သတိပေး ခေါင်းလောင်းထိုးနေ

(GMT+08:00)2024-03-01 17:04:41  

အသက် ၂၅ နှစ်အရွယ် အမေရိကန် တပ်သား Bushnell က မိမိကိုယ်ကို မီးရှို့ သေဆုံးခဲ့ပြီးနောက် အမေရိကန် Politico ဝက်ဘဆိုက်မှာ "အဲဒါဟာ အမေရိကန်အစိုးရ အတွင်းပိုင်းမှာ မကျေမနပ်ဖြစ်မှု တိုးမြင့်ခြင်းပဲ ဖြစ်တယ်"လို့ ထောက်ပြခဲ့ပါတယ်။

   သက်ဆိုင်ရာ သတင်းအရ Bushnell ဟာ လေတပ် တပ်သားတစ်ဦး ဖြစ်ပြီး ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေး သံရုံး ရှေ့မှာ မိမိကိုယ်ကို မီးရှို့ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင် အရေးပေါ် ကယ်ဆယ်တာ မကောင်မြင်ဘဲ သေဆုံး ခဲ့ပါတယ်။ ယင်းမတိုင်ခင်က သူကြိုတင် ရိုက်ကူးထားတဲ့ ဗီဒီယိုတိုထဲမှာ သူက "ကျွန်တော်က လူမျိုးသုဉ်းသတ်ဖြတ်မှုမှာ ပါဝင်မှာ မဟုတ်ဘူး "လို့ ပြောခဲ့ပါတယ်။

  လူမှုကွန်ရက်များမှာ အမေရိကန် အင်တာနက် အသုံးပြုသူ အများအပြားက Bushnell အား သနားကာ ဝမ်းနည်းကြောင်း ဖော်ပြကြပြီး အမေရိကန် အစိုးရက ကိုယ့်ရဲ့ အစ္စရေး ဆိုင်ရာ မူဝါဒများအတွက် ရှက်သင့်ကြောင်းလည်း အသီးသီး ပြောကြပါတယ်။ တစ်ချို့ ကလည်း ဘာဖြစ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက "ဝမ်းနည်းစရာပါ " လို့ပဲ ပြောကြားပြီး တစ်ခြား တုံ့ပြန် သုံးသပ်မှု တစ်စုံတစ်ခု လုံးဝ မရှိတာလဲလို့ မေးခွန်း ထုတ်ခဲ့ ပါတယ်။

   ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက ပါလက်စတိုင်းနဲ့ အစ္စရေး ပဋိပက္ခများကြောင့် အရပ်သူအရပ်သား ၃ သောင်းနီးပါး သေဆုံးခဲ့ပြီး လူ ၂ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရရှာတယ်။ အဲဒါတွေဟာ ပါလက်စတိုင်းနဲ့ အစ္စရေး ပဋိပက္ခကို အမြစ်ကနေ ဖြေရှင်းဖို့ အရေးတကြီး လိုအပ်ခြင်းကို ပြသတဲ့အပြင် အမေရိကန်ရဲ့ အစ္စရေးအား ဘက် လိုက် ခြင်း မူဝါဒရဲ့ ဆိုးကျိုးများနဲ့ အမေရိကန်ပုံစံ လူ့အခွင့်ရေးရဲ့ စနစ်မျိုး ထားခြင်းတို့ကို ပြသ နေပါတယ်။

   ပါလက်စတိုင်းနဲ့ အစ္စရေး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း နိုင်ငံတကာ မိသားစုရဲ့ အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုချက်များ တစ်နေ့ထက်တစ်နေ့ ပြင်းပြလာနေတယ်။ အရှေ့ အလယ်ပိုင်းဒေသအတွက် သြဇာသက်ရောက်မှုကြီးမားတဲ့ အမေရိကန်ကတော့ အရှေ့ အလယ်ပိုင်းသို့ စစ်အင်အားများ တိုးချဲ့စေလွှတ်ခြင်း၊ အစ္စရေးအား စစ်ရေး ထောက်ပံ့မှု အမြောက်အမြား ပံ့ပိုးပေးခြင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဂါဇာ အပစ်အခတ် ရပ်စဲ ရေး ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း အတည်ပြုရန်ကို အကြိမ်ပေါင်းများစွာ တားဆီးခြင်း စတာတွေကို လုပ်ဆောင်ပြီး ဂါဇာ အခြေအနေကို ပိုမို ဆိုးရွားလာစေခဲ့ပါတယ်။

   Bushnell ရဲ့ ကိုယ့်အသက်နဲ့ရင်းပြီး  ဆန္ဒပြခြင်းဟာ အမေရိကန် နိုင်ငံရေး သမား များ အား သတိပေးခေါင်းလောင်း ထိုးလိုက်တာပဲဖြစ်ပါတယ်။ လူ့အခွင့်အရေး အလံ ကိုင်ဆောင်ပြီး လူ့အခွင့်အရေးကို နင်းချ ခြင်း မလုပ်ပါနဲ့၊ နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း မဖော်ဆောင်နိုင်အောင် မလုပ်ပါနဲ့။ အမေရိကန်နိုင်ငံရေးသမားတို့ မှန်ကန်စွာ လုပ်သင့်ပြီလို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။