တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသင်တန်းကျောင်း သက်လတ်ပိုင်းနှင့် လူငယ် ကေဒါများ မွမ်းမံသင်တန်း ဖွင့်လှစ်ချိန်တွင် ရှီကျင့်ဖိန်၏ ညွှန်ကြားချက်ကို ဖော်ပြခဲ့

(GMT+08:00)2024-03-01 18:20:32  

၂၀၂၄ ခုနှစ် နွေဦးရာသီ ပညာသင်ချိန်ကာလ သက်လတ်ပိုင်းနှင့် လူငယ် ကေဒါများ မွမ်းမံသင်တန်းကို မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားချက်ကို ဖော်ပြခဲ့ပါသည်။

   ရှီကျင့်ဖိန်သည် လူငယ် ကေဒါများအနေနှင့် ပါတီနှင့် နိုင်ငံတော် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရှင်သန်စွမ်းအား ဖြစ်ပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်လုပ်ငန်း၏ လက်ဆင့်ကမ်းသူများ ဖြစ်ကြောင်း၊ ခရီးစဉ်သစ်တွင် လူငယ် ကေဒါ များသည် အရေးကြီး တာဝန်များကို ထမ်းဆောင်နေပြီး လုပ်ငန်းများစွာတွင် အကြိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း၊ မူရင်းစိတ်နှင့် တာဝန်ဝတ္တရားများကို စွဲစွဲမြဲမြဲ မှတ်ထားပြီး ဇွဲသတ္တိ ရှိရှိဖြင့် ကြိုးပမ်းဆောင်ရွက်ကာ သမိုင်း၏ လက်ဆင့်ကမ်း လုပ်ငန်းတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည် ဖြစ်ကြောင်း ညွှန်ကြားထားခဲ့ပါသည်။