ယူကရိန်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်စစ်သားများ၏ သင်္ချိုင်းများကို တူးဖော်

(GMT+08:00)2024-03-01 20:26:22  

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ယူကရိန်းနိုင်ငံ Lviv မြို့ရှိ Lychakiv သုသာန်တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်စစ်သားများ၏ သင်္ချိုင်းများကို အလုပ်သမားများ တူးဖော်ခဲ့ကြောင်း၊ ၎င်းနေရာအနီးတွင် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း သေဆုံးခဲ့သော ယူကရိန်းစစ်သားများကို  မြှုပ်နှံထားကြောင်း၊  တူးဖော်ပြီးစီးပြီးနောက် တွေ့ရှိသည့် ရုပ်ကြွင်းများကို ပြန်လည်မြှုပ်နှံမည်ဖြစ်ကြောင်း၊ သေဆုံးသွားသော ယူကရိန်းစစ်သားများကို အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် Lychakiv သုသာန်မှာ အထိမ်းအမှတ် အဆောက် အအုံ တစ်ခု  တည်ဆောက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။