ဆွီဒင်သည် နေတိုးအဖွဲ့သို့ ဝင်ရောက်တော့မည့် ကိစ္စ နှင့်ပတ်သက်ပြီး ရုရှားတုံ့ပြန်

(GMT+08:00)2024-02-29 16:14:32  



ဆွီဒင်နိုင်ငံသည် နေတိုးအဖွဲ့သို့ ဝင်ရောက်တော့မည့်ကိစ္စ နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ဆွီဒင်၏ နေတိုး အဖွဲ့သို့ ဝင်ရောက်ပြီးနောက် လက်တွေ့အခြေအနေအရ ရုရှားနိုင်ငံက တုံ့ပြန် သွား မည် ဟု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

Zakharova က ဆွီဒင်နိုင်ငံသည်  နှစ် ပေါင်း၂၀၀ ကျင့်သုံးခဲ့သည့်  ကြားနေရေး နှင့် စစ်ရေး ဘက်မလိုက်မှု မူဝါဒကို စွန့်လွှတ်ပြီး နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက်သည် ဘောလ်တစ် ပင်လယ် ဒေသနှင့် မြောက်ဥရောပအား တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဇုန်မှ ထိပ်တိုက်တွေ့မည့် အလားအလာရှိသော ဇုန်အဖြစ် ပြောင်းလဲ သွား စေမည် ဖြစ် ကြောင်း Zakharova က အလေးထားပြောကြားခဲ့ပါသည်။