တောင်ကိုရီးယားနှင့်အမေရိကန်တို့၏စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ ဆန္ဒပြ ကန့်ကွက်

(GMT+08:00)2024-02-29 16:09:44  

တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်း "Korean Peninsula Peace Action" သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဆိုးလ်မြို့မြို့လယ်ဒေသတွင် စုဝေးကြပြီး လာမည့်မတ်လတွင် ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းရန် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကို တိုက်တွန်းပြီး ဘက်အသီးသီးတို့အနေဖြင့် ကျွန်းဆွယ်ဆွေးနွေးပွဲလမ်းကြောင်းများကို ပြန် လည် ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပန်ကြားခဲ့ကြောင်း၊ တောင်ကိုရီး ယား နှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား ကျွန်းဆွယ် တွင် စစ်ရေး နှင့်နိုင်ငံရေးတင်းမာမှုများကို ပြင်းထန်စေခဲ့ပြီး သက်ဆိုင်ရာ စစ်ရေး လေ့ကျင့် မှု များကို ချက်ချင်းရပ်ဆိုင်းရမည်ဟု ဆန္ဒပြသူများက ဖော်ပြကြကြောင်း သတင်းအရ  သိရပါ သည်။