ရှီကျင့်ဖိန်သည် ဆီရာလီယွန် သမ္မတ Bio နှင့် တွေ့ဆုံ

(GMT+08:00)2024-02-29 11:29:19  

 ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ ခန်းမဆောင်ကြီးတွင် တိုင်းရေးပြည်ရာကိစ္စဖြင့် တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်နေသော ဆီရာလီယွန် သမ္မတ Bio နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဆီရာလီယွန် ချစ်ကြည်ရေး အစဉ်အလာသည် သမိုင်းသက်တမ်း ကြာမြင့်ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုသည် တရုတ်နှင့် အာဖရိက သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၏ စံနမူနာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် ဆီရာလီယွန်နိုင်ငံနှင့် အတူ အရည်အချင်းမြင့်မားသော နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်ခံ့လာစေပြီး လက်တွေ့ကျသော အပြန်အလှန် အကျိုး ရှိ စေရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ နိုင်ငံတကာနှင့် ဒေသ ရေးရာ များ၌ ညှိနှိုင်းမှုကို အားဖြည့်၍ နှစ်ဖက် ဆက်ဆံမှု အခန်းကဏ္ဍသစ်သို့ တိုးမြင့်ရန် တွန်အား ပေးလိုပါကြောင်း ပြောကြားပါသည်။

  Bio က တရုတ်နိုင်ငံသည် ဆီရာလီယွန်၏ ယုံကြည်အားကိုးရသော မိတ်ဆွေ ဖြစ်ပြီး နှစ်ဦးနှစ်ဖက်တို့သည် အစဉ်တစိုက် အပြန်အလှန် လေးစားပြီး တန်းတူရည်ရည် သဘောထားကာ နက်ရှိုင်းသော ချစ်ကြည်ရေး အစဉ်အလာ ရှိပါကြောင်း ပြောကြားပါသည်။

  တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ ရှေ့မှောက်၌ နှစ်ဖက်တို့သည် Belt and Road အတူတည်ဆောက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် ဖော်ဆောင်ရေး စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်ရေး စားတမ်းများကို ချုပ်ဆိုခဲ့ကြပါသည်။

   နှစ်ဖက်တို့သည် တရုတ်နိုင်ငံနှင့် ဆီရာလီယွန်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းစေရေး ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။