ဟာဘင်မြို့ အာရှဆောင်းရာသီအားကစားပြိုင်ပွဲကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပမည်

(GMT+08:00)2024-02-29 15:13:13  



အာရှအိုလံပစ်ကောင်စီမှသတင်းအရ ၂၀၂၅ခုနှစ် နဝမအကြိမ်မြောက် ဟာဘင်မြို့ အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲ အထွေထွေအစီအစဉ်အားလုံးကို သတ်မှတ် ထားပြီး ဖြစ် ကြောင်း၊ ယခုအကြိမ် အာရှဆောင်းရာသီအားကစားပြိုင်ပွဲကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ဖွင့်လှစ်ပြီး ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ပိတ်ပွဲ အခမ်းအနားကျင်းပမည် ဖြစ်ကြောင်း၊ အမျိုးသားနှင့်အမျိုးသမီး ရေခဲပြင်ဟော်ကီနှင့် ကယ်လင်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရှိရ  သည်။

ယခုအကြိမ်အာရှ အားကစားပြိုင်ပွဲတွင် ရေခဲပြင် စကိတ်စီး၊ ရေခဲပြင်ဟော်ကီ၊ ကယ်လင်၊ နှင်းလျှောစီး၊ ဆောင်းရာသီပြိုင်ပွဲနှစ်မျိုး (Biathlon)နှင့် တောင်တက်နှင်းလျှောစီး(Ski Mountaineering) စသောပြိုင်ပွဲစဉ်ရပ်ကို ထားရှိပြီး ရွှေတံဆိပ်  ၆၄ု   ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။