“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို တစ်ဆင့်တက် ကောင်းမွန်တိုးတက်စေရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မြှင့်တင်ရေးဆိုင်ရာ တရုတ်နိုင်ငံတော်ကောင်စီ ၏ အကြံပေးချက်”ကို အမြန်ဆုံးအကောင်အထည်ဖော်ပြီး ထိရောက်မှုရရှိရန် ဆက်လက် တွန်းအားပေးမည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-02-29 15:38:09  

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို တစ်ဆင့်တက် ကောင်းမွန်တိုးတက်စေရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မြှင့်တင်ရေးဆိုင်ရာ တရုတ်နိုင်ငံတော်ကောင်စီ ၏  အကြံပေးချက်”ကို အမြန်ဆုံးအကောင်အထည်ဖော်ပြီး ထိရောက်မှုရရှိရန် ဆက်လက် တွန်းအားပေးမည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဆို

လက်ရှိအချိန်တွင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို တစ်ဆင့်တက် ကောင်းမွန်တိုးတက်စေရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မြှင့်တင်ရေး ဆိုင်ရာ တရုတ်နိုင်ငံတော်ကောင်စီ၏ အကြံပေးချက်”တွင် လုပ်ဆောင်ချက်အများစုကို အကောင် အထည်ဖော်ခဲ့ပြီ သို့မဟုတ် တိုးတက်မှုများ ရရှိခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် အဆင့်ကာလတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး ထိရောက်မှုရရှိရန် ဆက်လက် တွန်းအားပေးမည် ဖြစ်ပြီး အကောင်အထည်ဖော်မှုအား ဘက်စုံသုံးသပ်မှုများကို ပြုလုပ်ကာ နိုင်ငံခြားအရင်းအနှီးဖြင့် လုပ်ကိုင်သော လုပ်ငန်းများ၏ မူဝါဒဆိုင်ရာ အကျိုးခံစားမှု တိုးမြင့်စေမည် ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပ ခဲ့သည့် နိုင်ငံခြား အရင်းအနှီးဖြင့် လုပ်ကိုင်သော လုပ်ငန်းများဆိုင်ရာ စားပွဲဝိုင်းအစည်းအဝေးမှ ထုတ်ပြန်သော သတင်း အရ  သိရှိရသည်။
    ၂၀၂၃ခုနှစ် သြဂုတ်လတွင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို တစ်ဆင့်တက် ကောင်းမွန်တိုးတက်စေရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရရှိရန် မြှင့်တင်ရေး ဆိုင်ရာ တရုတ်နိုင်ငံတော်ကောင်စီ၏ အကြံပေးချက်”ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။