လီချန်သည် ဆီရာလီယွန် သမ္မတနှင့် တွေ့ဆုံ

(GMT+08:00)2024-02-29 11:30:13  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် သည် ယခုလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံသို့ အလည် အပတ် ရောက်ရှိနေသည့် ဆီရာလီယွန်သမ္မတ Bio နှင့် ဘေကျင်း၌ တွေ့ဆုံခဲ့သည်။

လီချန်က တရုတ်နိုင်ငံသည် ဆီရာလီယွန်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာများ ချိတ်ဆက်မှု ခိုင်မာစေပြီး အဓိက ပရောဂျက်များတည်ဆောက်ရေးကို စနစ်တကျတွန်းအားပေးကာ စိုက်ပျိုးရေး၊ စီးပွား ကုန်သွယ် ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ပြီး လူငယ်၊ ပညာရေး၊ ဆေးဝါး ကုသရေးစသည့် လူမှုယဉ်ကျေးမှု ဖလှယ်မှုများ အားသစ်လောင်းပေးကာ အပြန်အလှန် အကျိုးနှင့် ရလဒ်ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

Bio က ဆီရာလီယွန်နိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့်အတူ "Belt and Road" နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ မူဘောင်အောက်တွင် နယ်ပယ်အသီးသီး၌ နက်ရှိုင်းစွာ ပူးပေါင်း ဆောင် ရွက်ပြီး ဆီရာလီယွန်-တရုတ် ဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေးလိုကြောင်း ပြောကြား ခဲ့သည်။