ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် လေ့လာသင်ယူခြင်း အောင်မြင်မှုရဒ်များကို ခိုင်ခံ့ရေး၊ ချဲ့ထွင်ရေး၊ လေ့လာရေးနှင့် ၊ ဖော်ဆောင်ရေးဆိုင်ရာ အဆိုပြုချက်များကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရုံးက ထုတ်ပြန်

(GMT+08:00)2024-02-29 11:28:37  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ အတည်ပြုချက်အရ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရုံးသည် ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် လေ့လာသင်ယူခြင်း အောင်မြင်မှုရဒ်များကို ခိုင်ခံ့ရေး၊ ချဲ့ထွင်ရေး၊ လေ့လာရေးနှင့်  ဖော်ဆောင်ရေးဆိုင်ရာ အဆိုပြုချက်များိုက ထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

   တစ်အချက်သည် လေ့လာသင်ယူခြင်းဖြင့် အသိစိတ်ဓာတ်များ ခိုင်မာလာအောင် စွဲစွဲမြဲမြဲ ဆောင်ရွက်ပြီး ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လေ့လာသင်ယူ ဖော်ဆောင်ရေးကို နက်ရှိုင်းလာအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

  နှစ်အချက်သည် လေ့လာသင်ယူခြင်းဖြင့် ဉာဏ်ပညာ တိုးမြှင့် ပြီး ပါတီ၏ ဆန်းသစ်တီထွင်ရေး သဘောတရားများမှ ဥပဒေသကို နားလည်သိရှိကာ ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်းသိရှိပြီး နည်းလမ်းများကို သင်ယူကာ ဉာဏ်ရည်များ တိုးမြှင့်ရမည် ဖြစ်ပါသည်။

  သုံးအချက်သည် လေ့လာသင်ယူခြင်းဖြင့် လုပ်နည်းလုပ်ဟန် တည့်မတ်လာအောင် စွဲစွဲမြဲမြဲ ဆောင်ရွက်ပြီး ပါတီတစ်ရပ်လုံး လုပ်နည်းလုပ်ဟန်နှင့် သန့်စင်ရေးဆိုင်ရာ ထင်ရှားသော ပြဿနာများကိုဖြေရှင်းရန် တွန်းအားပေးရမည် ဖြစ်ပါသည်။

   လေးအချက်သည် လေ့လာသင်ယူခြင်းဖြင့် လက်တွေ့ကျ ဖော်ဆောင်ခြင်းကို တွန်းအားပေးပြီး ပါတီဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် အစီအမံများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ပေးရမည် ဖြစ်ပါသည်။