အဆင့်ဆင့် ကေဒါခေါင်းဆောင်များ အနေနှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုတွင် ခိုင်မာပြတ်သားသော လက်တွေ့ဖော်ဆောင်သူ အဖြစ် ဆောင်ရွက်ရန် ရှီကျင့်ဖိန် ညွှန်ကြားပြောဆို

(GMT+08:00)2024-02-29 15:36:12  

တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ထုတ်ဝေတော့မည့် ဆဋ္ဌမ အသုတ် တရုတ် ပြည်လုံးဆိုင်ရာ ကေဒါခေါင်းဆောင်များ လေ့ကျင့်မွမ်းမံရေး ဆိုင်ရာ စာအုပ် အတွက်  အမှာစကား ရေးသားမည် ဖြစ်ပါသည်။ ၄င်းက တရုတ် အသွင်ပုံစံ ခေတ်မီရေးသည် အင်အား တောင့်တင်းကြီးမားသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေး အတွက် ဖြောင့်ဖြူးသာယာသော လမ်းကြောင်း ဖြစ်ပြီး လူသားတို့ အနေနှင့် ခေတ်မီရေးသို့ ချီတက်သော လမ်းကြောင်းသစ်နှင့် လူသား ယဉ်ကျေးမှု အသွင် ပုံစံ သစ်ကို ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ အဆင့်ဆင့် ကေဒါခေါင်းဆောင်များ အနေနှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုတွင် ခိုင်မာပြတ်သားသော လက်တွေ့ ဖော်ဆောင်သူ အဖြစ် ဆောင်ရွက်ရန် အလေးထား ညွှန်ကြားပြောဆိုခဲ့ပါသည်။