လီချန်သည် ကန်ကုန်သွယ်ရေးအဖွဲ့အား တွေ့ဆုံ

(GMT+08:00)2024-02-29 15:37:12  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် သည် အမေရိကန်ကုန်သွယ်ရေး အသင်းUS Chamber of Commerceဥက္ကဋ္ဌ၊ စီအီးအို Suzanne Clark နှင့်အဖွဲ့အား ဖေဖော်ဝါရီလ ၂၈ရက်နေ့က ဘေကျင်းမြို့တွင် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် လီချန် က ယခုနှစ်သည် တရုတ်-အမေရိကန်သံအဆက်အသွယ် ထားရှိသည့် ၄၅နှစ်
ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီး သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး နှစ်နိုင်ငံဆက်ဆံရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုး တိုးတက်ရန် တွန်းအားပေးလိုကြောင်း၊ တရုတ်-အမေရိကန် စီးပွားရေး အပြန်အလှန် ဖြည့်စွက်ပေးနိုင်ပြီး အကျိုးစီးပွားများ နက်ရှိုင်းစွာပေါင်းစပ်ကာ နှစ်နိုင်ငံအကြား စီးပွား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းမှာ နှစ်နိုင်ငံအတွက် အပြန်အလှန် အကျိုးရရှိစေရေး ဖြစ်ကြောင်း၊ “ချိတ်ဆက်မှုဖြတ်တောက်ခြင်း”၊ “ခြံဝင်းငယ်နံရံမြင့်” ပြုလုပ်ခြင်းမှာ နှစ်နိုင်ငံ၏ အရင်းခံအကျိုးစီးပွားနှင့် မကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံခေတ်မီရေးကို ဘက်စုံတွန်းအားပေးနေပြီး အမေရိကန်လုပ်ငန်းကုမ္ပဏီ များအား တရုတ်နိုင်ငံသို့ ဆက်လက်လာရောက်ရင်းနှီးမြှုပ်နှံကာ တရုတ်ဈေးကွက် ချဲ့ထွင်၍ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေခံစားရန် ကြိုဆိုကြောင်း၊ အမေရိကန် ကုန်သွယ်ရေးအသင်းနှင့် လုပ်ငန်းရှင်များအား ပေါင်းကူးတံတားဖြစ်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပြီး နှစ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် အချင်းချင်း နားလည်မှု တိုးပွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
    Suzanne Clark က အမေရိကန်-တရုတ်ဆက်ဆံရေးမှာ အလွန်အရေးကြီးကြောင်း၊ နှစ်နိုင်ငံချိတ်ဆက်မှုဖြတ်တောက်ခြင်းမှာ မသင့်တော်ကြောင်း၊ အမေရိကန်ကုန်သွယ်ရေး အသင်းအနေဖြင့် ပေါင်းကူးတံတားဖြစ်သည့် အခန်းကဏ္ဍမှ ပါဝင်ပြီး အမေရိကန်-တရုတ် စီးပွားကုန်သွယ်မှုဆက်ဆံရေး၊ အပြန်အလှန်အကျိုးရရှိစေသည့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ပြီး အမေရိကန်-တရုတ်ဆက်ဆံရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။