ရှီကျင့်ဖိန်သည် သမ္မတအမိန့်အမှတ် ၂၀ ကို လက်မှတ်ရေးထိုး

(GMT+08:00)2024-02-28 16:28:33  

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် သမ္မတအမိန့်အမှတ် ၂၀ ကို လက်မှတ်ရေးထိုးခဲ့ပြီး ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ၈ ကြိမ်မြောက် အစည်းအဝေးမှ ပြင်ဆင်အတည်ပြုသည့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်လျှို့ဝှက်ချက် ထိန်းသိမ်းရေးဥပဒေ” ကို ထုတ်ပြန်ကာ ၂၀၂၄ခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍ အသက်ဝင်မည်ဖြစ်သည်။ နိုင်ငံတော်လျှို့ဝှက်ချက် ထိန်းသိမ်းရေးဥပဒေ ပြင်ဆင် အတည်ပြုပြဋ္ဌာန်းခြင်းသည် တရုတ်နိုင်ငံ၏ လျှို့ဝှက်ချက် ထိန်းသိမ်းရေး တရား ဥပဒေ စိုးမိုးရေး ဖြစ်စဉ်တွင် မှတ်တိုင်အသစ်တစ်ခုဖြစ်သည်။ ၎င်းသည် နိုင်ငံတော် လျှို့ဝှက်ချက် လုံခြုံရေးကို ကာကွယ်ရန်နှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေး အကျိုး စီးပွားများကို ပိုမိုကောင်းမွန်စွာကာကွယ်ရန်အတွက် ခိုင်မာသော တရားဥပဒေဆိုင်ရာ အာမခံ ချက် တစ်ခုဖြစ်သည်။