တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်များ၊ အတွင်းရေးမှူးဌာနမှ အတွင်းရေးမှူးများတို့သည် ပါတီဗဟိုကော်မတီနှင့် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ထံသို့ လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများ တင်ပြ

(GMT+08:00)2024-02-28 16:26:35  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ သတ်မှတ်ချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်များ၊ အတွင်းရေးမှူးဌာနမှ အတွင်းရေးမှူးများ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီမှ ကွန်မြူနစ်ပါတီအဖွဲ့အဖွဲ့ဝင်များ၊ ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ရှေ့နေရုံးချုပ်မှ ကွန်မြူနစ်ပါတီအဖွဲ့ အတွင်းရေးမှူးချုပ်တို့သည် နှစ်စဉ်နှစ်တိုင်း ပါတီဗဟိုကော်မတီနှင့် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ထံသို့ လုပ်ငန်းဆိုင်ရာများ အစီရင်ခံ စာများကို တင်ပြ ကြ ရ ပါသည်။ မကြာမီက အထက်ပါသက်ဆိုင်ရာတို့သည် သတ်မှတ်ချက်အရပါတီ ဗဟိုကော်မတီ နှင့် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ထံသို့ လုပ်ငန်းဆိုင်ရာများကို အစီရင်ခံ တင်ပြခဲ့ကြပါ သည်။

ရှီကျင့်ဖိန်သည် အစီရင်ခံစာများကို သေချာ စိစစ် ဖတ်ရှုခဲ့ပြီး ၎င်းတို့အား အရေးကြီး လိုအပ်မှု တောင်းဆိုချက်များကို ပြန်လည်ပြောကြား ခဲ့သည်။ ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေး တိုးမြှင့်ခြင်းကို ဝိုင်းဝန်းပြီး ကိုယ့်တာဝန်ဝတ္တရားများ ကျေပွန်အောင် ထမ်း ဆောင်ကာ နိုင်ငံရေး တာဝန်ဝတ္တရားများကို ကျေပွန်စွာ အားဖြည့် ထမ်းဆောင်၍ အင်အား တောင့်တင်းသောနိုင်ငံတော် တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေး အတွက် သွေးစည်း ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရမည်ဟု အလေးပေး ပြောကြားခဲ့ပါ သည်။