နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်တိုက် တိုးမြှင့်နေ

(GMT+08:00)2024-02-28 16:27:25  

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် တရုတ် စီးပွားရေးနှင့် နိုင်ငံတကာ စီးပွားရေး အတူ ဖွံ့ဖြိုး တိုးတက်ခြင်းနှင့် စည်ပင်ဝ ပြောခြင်းကို တွန်းအားပေးသည့် အရေးကြီး အင်အားပင် ဖြစ်ပါသည်။

   တရုတ်အစိုးရမှ ထုတ်ပြန်ထားသည့် နောက်ဆုံးစာရင်းအရ ယခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံတွင် အသစ်ထားရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းကမ္ပဏီပေါင်း ၄၅၈၈ ခု ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၇၄.၄ ရာခိုင်နှုန်း တိုးလာ ပါ သည်။

နိုင်ငံတကာ စီးပွားရေး တိုးတက်မှု နှေးကွေးလာပြီး ကမ္ဘာတစ်ဝှမ်း၌ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနှုန်း ကျဆင်းလာနေသည့် အခြေအနေတွင် တရုတ်နိုင်ငံသည် နိုင်ငံခြား ကုမ္ပဏီ များ၏ ကြိုဆိုမှု အခံရဆုံးသော ရင်းနှီးမြှုပ်နှံရန် နေရာ ဖြစ်မြဲ ဖြစ်နေပါသည်။

ဇန်နဝါရီလအတွင်း အဆင့်မြင့် သိပ္ပံနည်းပညာ လုပ်ငန်းနယ်ပယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ် ၃၉.၁၆ ဘီလီယံ ရှိပြီး ယင်းတို့အနက် အဆင့်မြင့် သိပ္ပံနည်းပညာ ကုန်ထုတ်လုပ်မှုနယ်ပယ်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုမှု ပမာဏမှာ ၄၀.၆ ရာခိုင်နှုန်း တိုးများလာသည်။ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ၏ မောင်းနှင်အားဖြင့် နိုင်ငံခြား လုပ်ငန်းရှင်များ၏ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည်လည်း အဆက်မပြတ် အဆင့်မြှင့်တင်နေသည်ဟု ပြသနေပါသည်။

ဇန်နဝါရီလအတွင်း ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများ၏ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမြောက်အမြား တိုးများလာခဲ့သည်။ ယင်းတို့အနက် ပြင်သစ်နှင့် ဆွစ်ဇာလန်မှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၅ ဆ နှင့် ၁၁ ဆ အသီးသီး တိုးလာပြီး ဂျာမနီ၊ သြစတြေးလျနှင့် စင်ကာပူတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၁၁.၈ ရာခိုင်နှုန်း၊ ၁၈၆.၁ ရာခိုင်နှုန်းနှင့် ၇၇.၁ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့သည်။ ယင်းတို့သည် အနောက်နိုင်ငံများမှ သတင်းဖြန့်နေသည့် "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်ပြည်မှ ဆုတ်ခွာနေသည်" ဆိုတာ မဟုတ်မမှန်ဖြစ်ခြင်းကို သက်သပြနေပါသည်။

ငွေရင်းမြှုပ်နှံမှု ပြုလုပ်သည့် ရည်ရွယ်ချက်သည် အကျိုးအမြတ် ရရှိရန် ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံခြား လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးအမြတ် ၉ ရာခိုင်နှုန်းခန့် ရရှိပြီး ကမ္ဘာ့ရှေ့ပြေးနေရာ၌ တည်ရှိနေသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။