တရုတ်ပြည် ပထမဆုံးသော text-to-vide AI ကာတွန်း စီးရီး "Ode to a Thousand Autumn Poems" ရေပန်း စားနေ

(GMT+08:00)2024-02-28 16:28:57  

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် CMG မှ ထုတ်လုပ်သော တရုတ်နိုင်ငံ၏ပထမဆုံးသော text-to-video AI ကာတွန်းစီးရီး "Ode to a Thousand Autumn Poems"ကို CCTV-1 Channelတွင် စတင် ထုတ်လွှင့်ခဲ့သည်။ ပထမအပိုင်း "Farewell to Dongda" တွင် ထိန်းချုပ်နိုင်သော ရုပ်ပုံထုတ်လုပ်ခြင်း၊ ဇာတ်ကောင် ရုပ်ပုံထုတ်လုပ်ခြင်း၊ text-to-video စသည့် နောက်ဆုံး နည်းပညာ အောင်မြင်မှုရလဒ်များကို အသုံးပြုပြီး Tang မင်းဆက် ကဗျာဆရာ Gao Shi ၏ ဘဝအတက်အကျနှင့် ကဗျာရေးသားပြုစုမှု ဆိုင်ရာ ဇာတ်လမ်းကို ဖော်ပြထားသည်။ ပထမဆုံးအကြိမ် ထုတ်လွှင့်မှုတွင် viewership ratings ၄.၂၂ ရာခိုင်နှုန်း ရှိပြီး ဂြိုဟ်တုတီဗီချန်နယ်များမှ ထုတ်လွှင့်သော ကာတွန်းဇာတ်ကား အားလုံးတွင် ပထမ နေရာ၌ ရှိနေကြောင်း သိရှိရသည်။