အမေရိကန်က မည်သည့်ပုံစံဖြင့်မဆို ထိုင်ဝမ်သို့ လက်နက်ရောင်းချခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက် ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

(GMT+08:00)2024-02-28 16:30:45  

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးက ပုံမှန် သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ရာ အမေရိကန်သည် ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ ၇၅ သန်း တန်ဖိုးရှိ လက်နက်ရောင်းချမှုအစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည် ပြုခဲ့သည်ဟု မကြာသေးမီက ကြေညာခဲ့ခြင်းအပေါ် မည်သို့ ဝေဖန်သုံးသပ် ချင်ပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ သည်။

၎င်းနှင့်ပတ်သက်ပြီးပြောရေးဆိုခွင့်ရှိသူZhu fenglianက အမေရိကန်က မည်သည့်ပုံစံဖြင့်မဆို ထိုင်ဝမ်သို့ လက်နက်ရောင်းချခြင်းကို ပြတ်ပြတ်သားသားကန့်ကွက်ပြီး တရုတ်-အမေရိကန် ပူးတွဲ ကြေညာစာတမ်း သုံးရပ်ကို လိုက်နာရန် အမေရိကန်အား တိုက်တွန်းကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရှိရသည်။