ယူကရိန်းသို့ တပ်ဖွဲ့ စေလွှတ်ရန် နော်ဝေး ဝန်ကြီးချုပ် ငြင်းပယ်

(GMT+08:00)2024-02-28 16:29:26  

  နော်ဝေး အသံလွှင့်နှင့် ရုပ်မြင်သံကြားကော်ပိုရေးရှင်း၏ သတင်းအရ ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နော်ဝေး ဝန်ကြီးချုပ် Steller က နော်ဝေးနိုင်ငံသည် ယူကရိန်း နိုင်ငံအား စစ်သားများ သို့မဟုတ် အခြားစစ်ဘက်ဆိုင်ရာဝန်ထမ်းများ စေလွှတ်ရန် ငြင်းပယ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ Macron က ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့များစေလွှတ်ခြင်းသည် ဖြစ်နိုင်ခြေ မရှိဘူး ဆိုတာ မဟုတ် ကြောင်း ပြောကြားပြီးနောက် Steller က အဆိုပါမေးခွန်းကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် Steller က လက်ရှိအခြေအနေသည် နေတိုး နှင့် ရုရှားကြား ပဋိပက္ခမဟုတ်သလို နေတိုးနှင့် ရုရှားကြား ပဋိပက္ခလည်း မဖြစ်သင့်ဟုလည်း ပြောကြား ခဲ့ကြောင်း သတင်းအရ သိရှိရ သည်။