ဂျပန်သည် နျူကလီးယားရေဆိုးကို ပင်လယ်ထဲသို့ စတုတ္ထအကြိမ် စတင် စွန့်ပစ်

(GMT+08:00)2024-02-28 16:32:37  

ဖူကူရှီးမား အမှတ်-၁ နျူကလီးယား လျှပ်စစ်ဓာတ်အား ပေးစက်ရုံ၏ နျူကလီးယားရေဆိုးကို ဖေဖော်ဝါရီလ ၂၈ရက်နေ့မှစ၍ စတုတ္ထအကြိမ်အဖြစ် စတင်စွန့်ပစ်မည်ဖြစ်ကြောင်း၊ ယခု စွန့်ပစ်မှုသည် ယခင်က စွန့်ပစ်ခဲ့သည် အကြိမ် ၃ကြိမ် နှင့်အတူတူပင်ဖြစ်ကာ  ယခုအကြိမ်စွန့်ပစ်ရာတွင် တန် ၇၈၀၀ စွန့်ပစ်မည်ဖြစ်ပြီး မတ်လ ၁၇ရက်နေ့တွင် စွန့်ပစ်မှု ပြီးဆုံးမည်ဟု ခန့်မှန်းထားကြောင်း တိုကျို လျှပ်စစ် ဓာတ်အားပေးကုမ္ပဏီမှ ထုတ်ပြန်ချက်ကို ကိုးကား၍ “ဂျပန်စီးပွားရေးသတင်း”မှ ဖေဖော်ဝါရီလ ၂၇ရက်နေ့က ဖော်ပြပါသည်။