၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပ

(GMT+08:00)2024-02-28 16:30:20  

ဖေဖော်ဝါရီလ ၂၇ရက်နေ့ည ၈နာရီတွင် ၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ဆောင်း ရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟူလွင်ဘေရ် မြို့တွင် ကျင်းပခဲ့ပါသည်။ ပိတ်ပွဲအခမ်းအနားကို "မြက်ခင်းပြင်နှင့် ချိန်းဆိုထားခြင်း" ဆောင်ပုဒ်အဖြစ်ထားပြီး ပိတ်ပွဲအခမ်းအနားနှင့် ယဉ်ကျေးမှုနှင့် အားကစား ဖျော်ဖြေပွဲဟူ၍ အပိုင်းနှစ်ပိုင်းခွဲထားပါသည်။ ပိတ်ပွဲအခမ်းအနားတွင် တရုတ် နိုင်ငံ ဆောင်းရာသီအားကစားပြိုင်ပွဲအလံကို လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပပြီး ယင်းအလံအား ဆောင်းရာသီ အားကစားပြိုင်ပွဲကို လာမည့်နှစ်တွင် လက်ခံကျင်းပမည့် လျောင်နင်းပြည်နယ်သို့  လွှဲပြောင်းပေးအပ်ခဲ့သည်။