အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတလောင်း Ryan Binkley သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာ

(GMT+08:00)2024-02-28 16:29:51  

ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Ryan Binkley က ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်ပြီး သမ္မတဟောင်း Trump ကို ထောက်ခံကြောင်း ကြေညာခဲ့ပါသည်။

လက်ရှိတွင် Trump သည် ပြည်နယ်အများအပြားရှိ ရီပတ်ဘလစ်ကန်ပါတီ၏ ပဏာမ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသော်လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ်ဟောင်း Nikki Haley ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါသည်။