ယူကရိန်းကို ကူညီရန်အတွက် တပ်ဖွဲ့များ စေလွှတ်မည် မဟုတ်ဟု ကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-02-28 16:32:07  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Matthew Miller က အမေရိကန်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်း အချင်းပွားမှုတွင် ယူကရိန်းနိုင်ငံအား ကူညီရန် တပ်ဖွဲ့များ စေလွှတ်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ရက်နေ့က ထပ်လောင်း အတည် ပြုပြောကြားခဲ့ပါသည်။
    ထိုနေ့တွင် ပြင်သစ်နိုင်ငံသမ္မတက ယူကရိန်းနိုင်ငံကို ကူညီရန်အတွက် တပ်ဖွဲ့များ စေလွှတ်နိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်နှင့်ပတ်သက်သော မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ Matthew Miller က နိုင်ငံတိုင်းအနေဖြင့် ကိုယ်ပိုင် ဆင်ခြင်သုံးသပ်နိုင်ခွင့် ရှိပြီး မိမိ၏ အကျိုးစီးပွားနှင့်ပတ်သက်သည့် ပြောဆိုခွင့် ရှိကြောင်း၊ အမေရိကန်နိုင်ငံသမ္မတ ဂျိုး ဘိုင်ဒန် က ယူကရိန်းနိုင်ငံကို ကူညီရန်အတွက် တပ်ဖွဲ့များ စေ လွှတ်မည် မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောကြားခဲ့သော်လည်း အမေရိ ကန် လွှတ်တော်အား ယူကရိန်းနိုင်ငံသို့ လက်နက်အကူအညီပေးရေးဆိုင်ရာ အဆိုပြုချက် မူကြမ်းကို အတည်ပြုရန် ပန်ကြားခဲ့ကြောင်း သတင်းအရ သိရှိရသည်။