အနောက်နိုင်ငံအချို့သည် ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်ရန် စဉ်းစားနေသည်ဟု စလိုဗက်ကီးယား ဝန်ကြီးချုပ် ဆို

(GMT+08:00)2024-02-27 14:48:40  

စလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က နေတိုးအဖွဲ့နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအချို့သည် နှစ်ဖက်စာချုပ် ချုပ်ဆိုခြင်းဖြင့် ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့များ စေလွှတ်ရန် စဉ်းစားနေကြောင်း ဖေဖော်ဝါရီလ  ၂၆ ရက်က ပြောကြားခဲ့သည်။

ဆလိုဗက်ကီးယားနိုင်ငံသည် နေတိုးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ Fizo သည် ထိုနေ့တွင် အစိုးရအစည်းအဝေးအပြီး အထက်ပါအချက်အလက်များကို ထုတ်ဖော်ခဲ့သည်။ မည်သည့်နိုင်ငံများက ထိုသို့လုပ်ဆောင်ရန် စဉ်းစားနေကြောင်း ဆိုသည်ကို ထုတ်ဖော် ပြောကြား ခြင်းမရှိသော်လည်း စလိုဗက်ကီးယားနိုင်ငံသည် ထိုသို့လုပ်ဆောင်ရန် အစီအစဉ် မရှိ ကြောင်း ပြောကြားခဲ့သည်။