တရုတ်နိုင်ငံ၏ အာကာသလုပ်ငန်းသည် ယခုနှစ်တွင် ဤအရာများကို အဓိကလုပ်ဆောင်မည်ဖြစ်သည်

(GMT+08:00)2024-02-27 14:43:19  

တရုတ် အာကာသသိပ္ပံနှင့် နည်းပညာအုပ်စုမှ "တရုတ်နိုင်ငံ၏ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ လှုပ်ရှားမှုများ စက္ကူပြာစာတမ်း" ကို  ဖေဖော်ဝါရီလ  ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် အကြီးစားအင်ဂျင်နီယာလုပ်ငန်းတာဝန်များကို အကောင် အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အာကာသစခန်းသည် ပုံမှန်လည်ပတ်မှု မုဒ် သို့ ဝင်ရောက်ကာ တစ်နှစ်တာအတွင်း ကုန်တင်အာကာသယာဉ် ၂ စင်း၊ လူလိုက်ပါသော အာကာသယာဉ် ၂ စင်း လွှတ်တင် ရေး မစ်ရှင်နှင့် အပြန်ခရီး မစ်ရှင် ၂ ကြိမ်၊ လစူးစမ်းလေ့လာရေး ပရောဂျက်၏ စတုတ္ထအဆင့်ကို အရှိန်မြှင့်မည်ဖြစ်ပြီး Queqiao II Relay ဂြိုဟ်တု နှင့် Chang'e-6 စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်မည် ဖြစ်သည်။ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာ၏ကျောဘက် တောင်ဝင်ရိုးစွန်း-Aiken Basin မှ နမူနာ ရယူခြင်းကို အကောင် အထည်ဖော်မည် ဖြစ်ပြီး အာကာသသိပ္ပံနှင့် နည်းပညာအုပ်စု၏ မျိုးဆက်သစ် စီးပွားဖြစ် အဝေးထိန်း ဂြိုဟ်တု စနစ် တည်ဆောက်မှုကို အရှိန်မြှင့်လုပ်ဆောင်မည်ဟု စက္ကူပြာစာတမ်းတွင် ရေးသား ဖော် ပြ ထားပါသည်။