တောင်ကိုရီးယားအစိုးရက အထွေထွေရောဂါကုဆေးရုံကြီး၅၀ကို ဝင် ရောက်စစ်ဆေးပြီး အလုပ် ပြန်မဝင် သော ဆရာဝန်များအား တရားစီရင်မှုတွေ ပြုလုပ်မည်ဟု ကြေညာ

(GMT+08:00)2024-02-27 14:53:47  

ယခု သီတင်းပတ်အတွင်း အထွေထွေရောဂါကုဆေးရုံကြီး ၅၀ကို ဝင်ရောက်စစ်ဆေးခြင်းနှင့် အလုပ် ပြန်မဝင်သော ဆရာဝန်များအား တရားဉပဒေအတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီလ ၂၇ ‌ရက်နေ့တွင် ကြေညာခဲ့ပါသည်။ တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီလ ၂၆ ရက် နေ့ က စုပေါင်းနှုတ်ထွက်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာဝန်များအား အမြန်ဆုံးအလုပ်ပြန်ဝင်ရန် တိုက် တွန်း ခဲ့ပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့မတိုင်မီ အလုပ်ပြန်ဝင်သူများကို တရားစီရင်မှုမှ ကင်းလွတ်ခွင့် ပေးမည်ဟု ကတိပြုခဲ့ပါသည်။ တောင်ကိုရီးယားဥပဒေအရ ဆရာဝန်သည် အစိုးရမှ လိုအပ်သလို အလုပ်ပြန်ဝင်ရန် ပျက်ကွက်ပါက ဆေးကုသခွင့်  တစ်နှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်ပြီး ပြင်းထန်သော အမှုများတွင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်မည်ဟု သိရပါသည်။ ထောင်ဒဏ်ကျခံခြင်း၊ ရွှေ့ဆိုင်း ခြင်း သို့မဟုတ် အကျဉ်းကျခံနေရသော ဆရာဝန်များသည် ၎င်းတို့၏ ဆေးကုသခွင့်လိုင်စင်ကို ရုပ်သိမ်း ခြင်း ခံရနိုင်မည်ဖြစ်ပါသည်။