တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မည်သူကိုမျှ ခြိမ်းခြောက်မှုမဟုတ်ဘဲ ကမ္ဘာအတွက် အခွင့်အလမ်း ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-02-27 14:52:14  

မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar သည် ဗြိတိန် Financial Times မှ သတင်းထောက် နှင့် တွေ့ဆုံရာတွင် အနောက်တိုင်းနိုင်ငံများသည် တရုတ်နိုင်ငံကို ကြောက်ရွံ့ကြကြောင်း ဝေဖန်ခဲ့ပြီး မလေးရှားနိုင်ငံအနေဖြင့် ကြားနေမှုနှင့် လွတ်လပ်မှုကို စွဲကိုင်ထားကာ အမေရိကန်နိုင်ငံအတွက် တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ကြောင်း အလေး ထား ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျင်းပ သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က တရုတ်နိုင်ငံအနေဖြင့် ယင်းကို မည်ကဲ့သို့ သုံးသပ်သနည်းဟု မေးမြန်းခဲ့ ပါသည်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ယင်းနှင့် ပတ် သက် ပြီး ဖြေကြားရာတွင် ဝန်ကြီးချုပ် Anwar ၏ ပြောဆိုချက်မှာ လွတ်လပ်ပြီး ဖွံ့ဖြိုး တိုး တက် ရေးကို ရှာကြံရန် ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ တူညီသော အသံကို ဖော်ပြနိုင် ကြောင်း၊ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မည်သူကိုမျှ ခြိမ်းခြောက်မှုမဟုတ်ဘဲ ကမ္ဘာအတွက် အခွင့် အလမ်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်ပြီး ကိုယ်ထူ ကိုယ်ထ ဖြစ်သည့် ငြိမ်းချမ်းသော နိုင်ငံ ခြားရေး မူဝါဒကို ခိုင်မြဲစွာ ကျင့်သုံးလျက်ရှိပြီး ထိပ်တိုက်ရင်ဆိုင်မှု၊ ဘက်လိုက်မှု များကို ဆန့်ကျင်ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး၅ရပ်၏ အခြေခံပေါ်တွင် နိုင်ငံအသီးသီးနှင့်ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက် လက်စွဲကိုင်ထားမည်ဖြစ်ပြီး တန်းတူရည်တူ စနစ်တကျဖြစ်သည့် ကမ္ဘာ့ဘက်ပေါင်းစုံ ရှိမှု နှင့် အားလုံးအကျိုးခံစားပြီး ပါဝင်နိုင်သောစီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုကာ လူသားကံကြမ္မတူအသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။