တရုတ်နိုင်ငံသည် ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် အခွင့်အရေးများကို ကာကွယ် ရန်အတွက် ဟွမ်ယန်ကျွန်းတွင် ဆောင်ရွက်မှုများ ပြုလုပ်ခြင်း ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-02-27 14:52:57  

ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဟွမ်ယန်ကျွန်းသည် တရုတ်နိုင်ငံ၏ ရှိရင်းစွဲ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း၊ မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံသည် ဟွမ်ယန်ကျွန်း ပင်လယ်ရပ်ဝန်းတွင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော် ထိပါးသော လုပ်ရပ် များကို ဆောင်ရွက်ခဲ့သဖြင့် တရုတ်နိုင်ငံအနေဖြင့် ပိုင်နက်နယ်မြေ အချုပ် အခြာ အာဏာနှင့် ပင်လယ်ရေးရာ အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်း ရန်အတွက် လိုအပ်သော ဆောင်ရွက်မှုများကို လုပ်ဆောင်ရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။