ဆီးနှင်းတောင် ၂ ခုကို ကျော်တက်ပြီး ၅ နာရီကြာ ကားမောင်း၍ ကွန်လွန်တောင်မှ ကလေးများ ကျောင်းတက်ရန် ပို့ဆောင်

(GMT+08:00)2024-02-27 14:46:06  

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှင်းကျန်းဒေသ ယက်ချန်ခရိုင်တွင် မူလတန်းကျောင်းများ စာသင်နှစ် စတင်တော့မည့်အချိန်တွင် မော်တော်ကား ၄၅ စီးတို့သည် အမြင့် မီတာ ၄၀၀၀ ကျော်ရှိသော နှင်းတောင်နှစ်ခုကို ကျော်တက်ကာ ၅ နာရီကြာ ကားမောင်းပြီးနောက် ရှီဟိုရှူ ကျေးရွာအုပ်စုမှ မူလတန်းကျောင်းသို့  ရောက်ရှိလာကာ ကျောင်း သား ၁၆၅  ဦးကို ပို့ဆောင် ခဲ့ ကြ သည်။

        ယင်း ကျေးရွာသည် ကွန်လွန်တောင်တန်းများတွင် တည်ရှိပြီး အမြင့်နေရာ မီတာ ၃၅၀၀ ကျော်ရှိ၍ တောင်ထိပ်အများစုသည် တစ်နှစ်ပတ်လုံး နှင်းနှင့် ရေခဲများ ဖုံးလွှမ်းနေ သည်။ ရွာထဲမှ မူလတန်းကျောင်းသူကျောင်းသားများသည် ကျောင်းတက်ရန်အတွက် ဆီးနှင်း ဖုံးနေ သော တောင်ကြီး ၂ ခုကို ကျော်တက်ပြီး ကျောင်းသို့သွားရမည့် ခရီး စုစုပေါင်း ကီလိုမီတာ ၆၀ အနက် အကွေ့အကောက်ရှိသော တောင်ပတ်လမ်း ကီလိုမီတာ ၄၀ နီးပါးခန့်ရှိကာ ရာသီဥတု မကောင်းသောအခါ တောင်ပတ်လမ်းများသည်  အန္တရာယ်ပိုများပါသည်။  ကျောင်းအသွားအလာ၏ အန္တရာယ်ကို လျှော့ချရန်အတွက် ကျေးရွာ မူလတန်း ကျောင်းတွင် ကျောင်းအိပ်ကျောင်းစား စနစ် ကျင့်သုံးပြီး ကလေးများ ကျောင်းသို့ ထွက်ခွာ သွားပြီးနောက် နွေရာသီ ကျောင်းပိတ်ရက်ကျမှ အိမ်ပြန်လာကြရသည်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော် အတွင်း ဆောင်းရာသီ ကျောင်းပိတ်ရက်အပြီး ကျောင်းသားများ ကျောင်းပြန်တက်ချိန်ရောက်တိုင်း ဒေသခံ အစိုးရ တာဝန်ရှိသူများနှင့် ယာဉ်ထိန်းရဲများသည် မော်တော်ယဉ်များ စီစဉ်ပေးပြီး ကျောင်း တက်ရန် ပို့ပေးသည်။ လေတိုက်သည်ဖြစ်စေ၊ မိုးနှင့်ဆီးနှင်းများ ကျသည်ဖြစ်စေ ၊ ဆီးနှင်း ဖုံးထား သော တောင်တန်းများတွင် အဆိုပါ နွေးထွေးသောခရီးစဉ် သည် အမြဲတမ်းရှိနေဦးမည် ဖြစ်သည်။