တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်ထောသည် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် တွေ့ဆုံ

(GMT+08:00)2024-02-27 13:48:20  

ဖေဖော်ဝါရီလ ၂၆ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်ထောသည် အာရပ် စော်ဘွားများနိုင်ငံ အဘူဒါဘီ၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၁၃ကြိမ်မြောက် ဝန်ကြီး အဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်အတွင်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Taiနှင့် တွေ့ဆုံခဲ့ကြောင်းChina Media Groupမှ သတင်းအရ သိရပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် ၁၃ကြိမ်မြောက်ဝန်ကြီးအဆင့်အစည်းအဝေးတွင် လက်တွေ့ကျ သော အောင်ကျိုးရလဒ်များရရှိစေရန် တွန်းအားပေးရေး နှင့် အာရုံစူးစိုက်ကြသော နှစ်ဖက် နှင့် ဘက်ပေါင်းစုံ စီးပွားကုန်သွယ်ရေး အကြောင်းအရာများနှင့်ပတ်သက်၍ နက်ရှိုင်းစွာ ကူးလူး ဖလှယ်ခဲ့ကြကြောင်း၊ ဝမ်ဝင်ထောသည် တရုတ်နိုင်ငံအား အမေရိကန်၏ အခွန်တိုး ကောက်မှု၊ စီးပွားကုန်သွယ်ရေးနယ်ပယ်ဆိုင်ရာ ထိုင်ဝမ် ပြဿနာ များနှင့် ပတ်သက်၍ တရုတ် နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို လည်း ဖော်ပြခဲ့ကြောင်း သတင်း ရရှိပါသည်။