အမေရိကန်သာ ကမ္ဘာ့စီးပွားရေး၏ စိန်ခေါ်မှုကြီး ဖြစ်ခြင်းကို အမေရိကန်၏ အစီရင်ခံစာက သက်သေပြ

(GMT+08:00)2024-02-27 14:40:00  

   မကြာမီက အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးသည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက WTO ပါဝင်ရေးဆိုင်ရာ ကတိကဝတ်များ ဖော်ဆောင်ရေး အစီရင် ခံစာကို ထုတ်ပြန်ပြီး တရုတ်နိုင်ငံ၏ ကတိကဝတ်များ ဖော်ဆောင်ရေးဆိုင်ရာ အောင် မြင် မှု များကို ပယ်ချကာ တရုတ်နိုင်ငံ၏ စီးပွားကုန်သွယ်ရေး စနစ်နှင့် မူဝါဒများသည် နိုင်ငံတကာ ကုန်သွယ်မှုအပေါ် စိန်ခေါ်မှုကြီး ဆောင်ကြဉ်း လာ သည်ဟုလည်း ပုတ်ခတ်ပြောဆိုခဲ့သည်။

   တရုတ်နိုင်ငံက WTO ပါဝင်ရေးဆိုင်ရာ ကတိကဝတ်များ ဖော်ဆောင်ရေးကို အကဲဖြတ်သည့် အမေရိကန်၏ စံချိန်စံနှုန်းသည် WTO၏ စည်းမျဉ်းစည်းကမ်း၊ တရုတ်နိုင်ငံက ချုပ်ဆိုသည့် "WTO ပါဝင်ရေး အခြေပြစာချုပ်" နှင့် "တရုတ်နိုင်ငံက လုပ်ငန်းအဖွဲ့တွင် ပါဝင်ရေး အစီရင်ခံစာ" တို့ မဟုတ်ဘဲ အမေရိကန်က ကိုယ့်ဆန္ဒအရ သတ်မှတ်သည့် စံချိန်စံနှုန်းပင် ဖြစ်ပါသည်။ အမေရိကန်၏ အကဲဖြတ်မှု စံချိန် စံနှုန်း သည် တရုတ်နိုင်ငံက တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ်ကို လုံးဝ ပြောင်းလဲရခြင်းနှင့် တရုတ်နိုင်ငံက အမေရိကန် လိုအပ်သည့် အတိုင်း စနစ်များ ပြောင်းလဲရခြင်း ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ် ဖော်ပြကြပါသည်။

  အမေရိကန်၏ အစီရင်ခံစာတွင် WTO ပါဝင်ရေးဆိုင်ရာ ကတိကဝတ်များ ဖော် ဆောင် ရေးဆိုင်ရာ တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုများနှင့် ကြီးမားသည့် အောင်မြင်မှု များကို လုံးဝ လျစ်လျူရှုထားပြီး ယုံကြည်နိုင်မှု လုံးဝ မရှိပေ။ WTO ပါဝင် ခဲ့သည့် နောက်ပိုင်း တရုတ်နိုင်ငံ၏ အကောက်ခွန်နှုန်းသည် ၂၀၀၁ ခုနှစ်က ၁၅.၃ ရာခိုင်နှုန်း ကနေ ၂၀၂၃ ခုနှစ်က ၇.၃ ရာခိုင်နှုန်းအထိ လျှော့ချလာပြီး လယ်ထွက်ကုန် ပျမ်းမျှ အကောက်ခွန်နှုန်းများသည် အခြားသော ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုး ပြီး အဖွဲ့ဝင်နိုင်ငံများထက် များစွာ ပိုနိမ့်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးကို တိုးမြှင့်ခြင်း၊ Negative list စာရင်းဇယား စီမံခန့်ခွဲရေးစနစ် ကျင့်သုံးခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကို ဆက်တိုက်လျှော့ချပေးခြင်းစသည် တို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ သို့သော် အမေရိကန်သည်မူ တရုတ်နိုင်ငံ၏ ယင်းဆောင်ရွက် ချက် တွေကို လုံးဝ မမြင်ချင်ယောင် ဆောင်ထား ပါသည်။

   "မုသားစကားဆို အကြိမ်တစ်ထောင် ပြောလျှင်လည်း မုသားစကားပင် ဖြစ်သည်" ဆိုသလို အမေရိကန်၏ အစီရင်ခံစာတွင် လုပ်ကြံဖန်တီးမှုများ မည်သို့ပင် လုပ်လုပ်လည်း နိုင်ငံရေး အစီရင်ခံစာနှင့် အစီရင်ခံစာအတုအပ ဖြစ်ခြင်းကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ တရုတ်နိုင်ငံသည် WTO ပါဝင်ရေးဆိုင်ရာ ကတိကဝတ်များကို ဘက်စုံ ဖော်ဆောင်ခဲ့သည့် အပြင် WTO စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်း ကာကွယ် ရေးနှင့် နိုင်ငံတကာ စီးပွားကုန်သွယ်မှု စည်းစနစ်များကို တိုးမြှင့်ရေးဆိုင်ရာ ကောင်း မွန်စွာ အကျိုးပြု စွမ်းဆောင်သူနှင့် ဘက်ပေါင်းစုံဝါဒကို အမှန်တကယ် ဖော်ဆောင်သူ လည်း ဖြစ်သည်ဟု အဖြစ်မှန်များက သက်သေပြနေကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။