တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အထူးသံတမန်သည် ကွယ်လွန်ခဲ့သော နမီးဘီးယားသမ္မတ Hage Geingob ၏ဈာပနသို့ တက်ရောက်

(GMT+08:00)2024-02-27 14:09:58  

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အထူးသံတမန်၊တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ Jiang Zuojunသည် နမီးဘီးယားနိုင်ငံWindhoekမြို့တော်တွင် ကွယ်လွန် ခဲ့သော နမီးဘီးယား သမ္မတ Geingob ၏ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝမ်းနည်းဖွယ်  အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ဖေဖော်ဝါရီလ  ၂၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် နမီးဘီးယားသမ္မတသစ် Mbemba သည် သမ္မတအိမ်တော်၌ Jiang Zuojun နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။