ဝမ်ယိ သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-02-27 14:42:26  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဘေကျင်းမြို့၌ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အဆင့်မြင့် အစည်းအဝေးသို့ ဗီဒီယိုပုံစံဖြင့် တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက လက်ရှိအချိန်တွင် နိုင်ငံတကာ အခြေအနေ မတည်ငြိမ်မှု ပိုမိုပြင်းထန်လာပြီး အကျပ်အတည်း များနှင့် ပဋိပက္ခများ သည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ ကမ္ဘာ့လူ့အခွင့်အရေး စီမံခန့်ခွဲရေး အခြေအနေ ပိုမိုဆိုးရွားလာကြောင်း၊ လူ့အခွင့်အရေးအလံကို ကိုင်ဆောင်ပြီး အခြားနိုင်ငံများ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ဟန့်တားခြင်းကို ဆန့်ကျင်ကြောင်း၊ နိုင်ငံအသီးသီးက ၎င်းတို့၏ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ်ခြင်းကို လေးစားရမည်ဖြစ်ကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ပြီး ဆွေးနွေးခြင်းဖြင့် သဘောတူညီချက်ကို စုစည်းရန် တိုက်တွန်းပါ ကြောင်း ပြောကြားခဲ့သည်။