ရှန်ကျိုး-၁၇ အာကာသယာဉ်မှူး Tang Hongbo သည် ကမ္ဘာပတ်လမ်းကြောင်းတွင် အကြာဆုံး နေခဲ့သော တရုတ်အာကာသယာဉ်မှူးဖြစ်လာ

(GMT+08:00)2024-02-27 13:56:34  

ဖေဖော်ဝါရီလ ၂၆ရက်နေ့က တရုတ်အာကာသစခန်း၌ အလုပ်တာဝန် ထမ်းဆောင်နေသော ရှန်ကျိုး-၁၇ အာကာသယာဉ်မှူး Tang Hongbo သည် ကမ္ဘာပတ်လမ်းကြောင်းတွင် ရက်ပေါင်း ၂၁၅ ရက်ကြာ နေခဲ့ပြီး လက်ရှိအချိန်၌ ကမ္ဘာပတ်လမ်းကြောင်းတွင် အကြာဆုံး နေခဲ့သော  တရုတ်အာကာသယာဉ်မှူးဖြစ်လာပါသည်။ ၂၀၂၁ခုနှစ် ဇွန်လ ၁၇ရက်နေ့က ၎င်းသည် Nie Haisheng၊ Liu Bomingတို့နှင့်အတူ ရှန်ကျိုး-၁၂ လူပါ အာကာသယာဉ်ဖြင့် အာကာသသို့ အောင်မြင်စွာဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ ၁၇ရက်နေ့က မြေကမ္ဘာသို့ ချောမောစွာ ပြန်ရောက်ခဲ့ကာ ကမ္ဘာပတ်လမ်းကြောင်းတွင် ရက်ပေါင်း ၉၂ရက် နေထိုင်ခဲ့ပါသည်။ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၆ရက်နေ့က Tang Hongbo သည် ရှန်ကျိုး-၁၇ လေယာဉ် အဖွဲ့မှူး အနေဖြင့် အာကာသသို့ ပြန်ရောက်ပြီး Tang Shengjie၊ Jiang Xinlinတို့နှင့် ကမ္ဘာပတ်လမ်းကြောင်းတွင် ရက်ပေါင်း ၁၂၃ရက်ကြာ နေခဲ့ပါသည်။ ၎င်းတို့၏ အာကာသ၌ အလုပ်တာဝန် ထမ်းဆောင်သောအချိန်သည် တစ်ဝက် ကျော် သွားပြီ ဖြစ်သည်။ Tang Hongbo၏ ကမ္ဘာပတ်လမ်းကြောင်း၌ ပျံသန်းသောရက်များသည် ဆက် လက် တိုးမြင့် လာနေပါသည်။