၂၀၂၄ခုနှစ် တရုတ်နိုင်ငံ၏ NPC နှင့် CPPCC အစည်းအဝေးများဆိုင်ရာ သတင်းစင်တာကို ဖွင့်လှစ်

(GMT+08:00)2024-02-27 13:47:37  

၂၀၂၄ခုနှစ် တရုတ်နိုင်ငံ၏ NPC နှင့် CPPCC အစည်းအဝေးများဆိုင်ရာ သတင်းစင်တာကို ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့ပါသည်။

၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေးနှင့် ၁၄ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ(CPPCC) ဒုတိယ အကြိမ် အစည်းအဝေးကို မတ်လ ၅ရက်နေ့နှင့် မတ်လ ၄ရက်နေ့တွင် ဘေကျင်းမြို့၌ အသီးသီး စတင်ကျင်းပမည်ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် တရုတ်နှင့် နိုင်ငံခြားသတင်းထောက်ပေါင်း ၃၀၀၀ကျော်သည် ယင်း အစည်းအဝေး နှစ်ခုကို သတင်းယူရန် မှတ်ပုံတင်ခဲ့ပြီး ၎င်းတို့အနက် တရုတ်ပြည်မကြီး သတင်းထောက် ၂၀၀၀ကျော်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်သတင်းထောက်နှင့် နိုင်ငံခြားသတင်းထောက် ၁၀၀၀ ကျော်ရှိကာ မှတ်ပုံတင်ထားသော သတင်းထောက်ဦးရေ သည်  ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးများလာကြောင်း သတင်းစင်တာမှ သတင်းအရ သိရှိရ သည်။