တရုတ် ပြည်တွင်းထုတ် C919 လေယာဉ်ကြီး သည် ဗီယက်နမ်သို့ ပထမဆုံးအကြိမ် ဆင်းသက်ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် စတင် ပြသ

(GMT+08:00)2024-02-27 14:45:31  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တရုတ်ပြည်တွင်းထုတ် C919 ခရီးသည်တင် လေယာဉ်ကြီး သည် ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ်ရှိ Van Don အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ခဲ့ပြီး ထိုသို့ဆင်းသက်မှုသည် ဗီယက်နမ်နိုင်ငံ တွင် ပထမဆုံးအကြိမ် ဆင်းသက်ခြင်း ဖြစ် ကာ ARJ21-700 လေယာဉ်နှင့်အတူ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။ လာမည့် ၂ ပတ်အတွင်း C919 နှင့် ARJ21 လေယာဉ် တို့သည် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ သရုပ်ပြ ပျံသန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရ သည်။