ဒိန်းမတ်သည် "Nord Stream" စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်၊ ရုရှားက " အသိမပေးဝံ့သည့် အကြောင်း ရှိသည်" ဟု ဆို

(GMT+08:00)2024-02-27 14:51:21  

    Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများ အပြီးသတ်ခဲ့ကြောင်း ဒိန်းမတ်ရဲဘက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ က ကြေညာ ခဲ့သည်။

    စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ရန် ဒိန်းမတ်၏ ဆုံးဖြတ်ချက်သည် အသိမပေးဝံ့သည့် အကြောင်း ရှိကြောင်း၊ ယင်းစုံစမ်းစစ်ဆေးမှုသည်  ဒိန်းမတ် နိုင်ငံ၏ “အရင်းနှီးဆုံး မဟာ မိတ်များ” ကို ဦးတည်သွားစေသောကြောင့် ဖြစ်ကြောင်း ရုရှားအစိုးရက ကောက်ချက်ချ ပြောကြား ခဲ့ပါသည်။

ဒိန်းမတ်ရဲဘက်က Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ရပ်သည် တမင်တကာ ဖျက်ဆီးခြင်းဖြစ်ရပ်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိခဲ့သော်လည်း ဒိန်းမတ်နိုင်ငံတွင် ရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုမှုစတင်ရန် သက်သေအထောက်အထား မလုံလောက်ကြောင်း  ပြောကြား ခဲ့သည်။