ယူကရိန်းသို့ Taurus ခရုစ်ဒုံးကျည် ထောက်ပံ့ရန် ဂျာမနီ ဝန်ကြီးချုပ်က ပြတ်သားစွာ ငြင်းပယ်

(GMT+08:00)2024-02-27 14:47:27  

ဒေသစံတော်ချိန် ယခုလ ၂၆ ရက်နေ့က ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Scholz သည် ပဋိပက္ခတွင် ပါဝင်ပတ်သက်မှုအန္တရာယ်ကို ရှောင်ရှားရန်အတွက် ယူကရိန်းသို့ Taurus ခရုစ်ဒုံးကျည် ထောက်ပံ့ရန် ပြတ်သားစွာ ငြင်းပယ် ခဲ့သည်။

ယမန်နှစ် အောက်တိုဘာလက Scholz သည် လက်ရှိအချိန်တွင် ယူကရိန်းသို့ Taurus ခရုစ်ဒုံးကျည် ထောက်ပံ့ပေးမည်မဟုတ်ကြောင်း၊ ၄င်းဒုံးကျည်သည် တာဝေးပစ် ဒုံးကျည် ဖြစ်ပြီး ရုရှားပြည်တွင်းပစ်မှတ်များကို တိုက်ခိုက်ရန် အသုံးပြုဖွယ်ရာရှိခြင်းကြောင့်  ဂျာမနီအစိုးရအနေဖြင့်  စိုးရိမ်မှု ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရှိရသည်။