ဥရောပသမဂ္ဂ နိုင်ငံများမှ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးများသည် အစည်းအဝေး ကျင်းပ၊ ဥရောပ လယ်သမားများ ဘရပ်ဆဲမြို့တွင် စုဝေးဆန္ဒပြ

(GMT+08:00)2024-02-27 14:48:08  

ဒေသစံတော်ချိန် ယခုလ ၂၆ ရက်နေ့က လယ်သမားများ ဆန္ဒပြမှုသည် ဥရောပတစ်ခုလုံး ပျံ့နှံ့လာသည်နှင့်အမျှ၊ ဥရောပသမဂ္ဂ နိုင်ငံအသီးသီးတို့မှ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးများသည် ထိုနေ့၌ ဘရပ်ဆဲမြို့တွင် ဥရောပသမဂ္ဂလယ်ယာစိုက်ပျိုးရေး ကောင်စီအစည်းအဝေးကို ကျင်းပပြီး၊ လက်ရှိလယ်ယာစိုက်ပျိုးရေးဌာနများမှ ရင်ဆိုင်နေရ သော အကျပ်အတည်းများမည်သို့ ဖြေရှင်းရမည်ဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။ တစ်ချိန်တည်းတွင် ဥရောပလယ်သမားများသည် ဘရပ်ဆဲတွင် ဆန္ဒပြပွဲပြုလုပ်ပြီး ရာနှင့်ချီသော လယ်ထွန်စက်များကို ဘရပ်ဆဲသို့ မောင်းနှင်လာသောကြောင့် လမ်းများ၊ ဥမင်များနှင့် ဘူတာများကို ပိတ်လိုက်ရသည်ဟု သတင်းအရသိရှိရ သည်။