တရုတ် ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်ထောင်း သည် WTO ကုန်သွယ်ရေးနှင့် ဆက်တိုက် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဝန်ကြီးများဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2024-02-27 16:39:03  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က WTO ၏ ၁၃ ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ တရုတ် ကုန်သွယ်ရေး ဝန်ကြီး ဝမ်ဝင်ထောင်း သည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်။

ဝမ်ဝင်ထောင်း က တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အယူအဆသစ်များကို ကျင့်သုံးပြီး အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ လူသားနှင့် သဘာဝ သင့်မြတ် ဖော်ရွေစွာ အတူယှဉ်တွဲသော ခေတ်မီရေး ဖော်ဆောင်ရန် ကြိုးပမ်းသည်ဟု တရုတ်သမ္မတ ရှိကျင့်ဖိန် က အလေးပေးပြောကြားကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် အစိမ်းရောင် ထုတ်ကုန်များ ကုန်သွယ်မှုအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးကာ ၊ အစိမ်းရောင် ကုန်သွယ်မှု လွတ်လပ်ပြီး အဆင်ပြေစေရေးကို တွန်းအားပေးပြီး ဆက်တိုက် ဖွံ့ဖြိုး တိုးတက် ရေးအတွက် အခြေခံ အုတ်မြစ်ကို ဖော်ဆောင်ပေးရန် တရုတ်ဘက်က ပန်ကြားကြောင်း ပြောကြားခဲ့ သည်။