WTO "တရုတ်စီမံကိန်း" စားပွဲဝိုင်း အဆင့်မြင့်ဖိုရမ်ကို အာရပ်စော်ဘွားများနိုင်ငံ အဘူဒါဘီမြို့တွင် ကျင်းပ

(GMT+08:00)2024-02-26 13:38:11  

၁၂ ကြိမ်မြောက် WTO "တရုတ်စီမံကိန်း" စားပွဲဝိုင်း အဆင့်မြင့်ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အာရပ်စော်ဘွားများနိုင်ငံ မြို့တော် အဘူဒါဘီတွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်ထောင်းက ယင်းဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဝမ်ဝင်ထောင်းက တရုတ်နိုင်ငံသည် နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်၏ မူဘောင်အတွင်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပြုလုပ်ပြီး "တရုတ် စီမံကိန်း"များကို တစ်ဆင့်တိုး ကောင်းမွန်အောင် ဖော်ဆောင်မည်ဖြစ်ကာ၊ နိုင်ငံ ပေါင်းစုံ ကုန်သွယ်ရေးစနစ်၏ တံခါးဖွင့်မှု၊ သက်ညှာထောက်ထားမှု၊ ဘက်ပေါင်းစုံ အကျိုးရရှိမှုနှင့် ညီမျှမှုများကို မြှင့်တင်မည်ဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက်မှုများဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အဆို ပြုချက်ကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။