တောင်ကိုရီးယားတွင် ဆရာဝန် များ ရာထူးမှနုတ်ထွက်ခြင်းများ ဆက်လက်ပြုလုပ်နေကြ

(GMT+08:00)2024-02-26 13:55:41  

ဆေးပညာကျောင်းသားသစ်တိုးချဲ့ခေါ်ယူရေးကန့်ကွက်ရန်အတွက် တောင်ကိုရီးယား နိုင်ငံမှ ဆရာဝန် များသည်  ရာထူးမှနုတ်ထွက်ခြင်းများ ဆက်လက်ပြုလုပ်နေကြပြီး ဆေးဝါး ကုသရေးစနစ် အကျပ်အတည်း ပိုမိုဆိုးရွားလာပါသည်။ ဆရာဝန်အဖွဲ့များမှ တင်ပြ ထားသော ဆေးပညာသင်ကျောင်းသားသစ် တိုးချဲ့ခေါ်ယူရေးစီမံကိန်း ဖျက်သိမ်းရန် တောင်း ဆိုချက်နှင့်ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရသည် ဖေဖော်ဝါရီလ ၂၅ရက်နေ့က ငြင်းပယ် လိုက်သည့်အပြင် ကျန်းမာရေးဌာနများသို့ ရှေ့နေများကို စေလွှတ်ရန် ဆုံးဖြတ်ပြီး အလုပ် ပြန်ဝင်ရန် ငြင်းဆိုထားသော ရာထူးမှနုတ်ထွက်သည့် ဆရာဝန်များကို ဥပေဒေ အတိုင်း ဆောင်ရွက် ရန်လည်း ပြင်ဆင်နေပါသည်။
    တောင်ကိုရီးယား သက်ဆိုင်ရာဥပဒေအရ ဆရာဝန်များသည် အစိုးရ၏ တောင်းဆို ချက်အရ အလုပ်ပြန်ဝင်ရန် ပျက်ကွက်လျှင် ဆေးကုသမှု ပိတ်ပင်ခြင်း အများဆုံး ၁နှစ်အထိ ခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် အများဆုံး ၃နှစ်အထိ ကျ ခံရမည် ဖြစ်ပါ သည်။ ထောင်ဒဏ်ကျခံနေရသော သို့မဟုတ် ပြစ်ဒဏ် ရွှေ့ဆိုင်းခြင်းခံရသော ဆရာဝန် များ၏ ဆေးဘက်ဆိုင်ရာလိုင်စင်များကို လည်း ရုပ်သိမ်းခြင်း ခံရနိုင် ကြောင်း သတင်းအရ သိရှိရသည်။