၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပမည်

(GMT+08:00)2024-02-26 13:36:37  

   ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပမည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

   ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေး၏ အရေးကြီးတာဝန်တစ်ရပ်သည် မကြာခင် ကျင်းပတော့မည့် ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ဖြစ်ပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် တရုတ် ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာ စသဖြင့် စိစစ် မည်ဟု သတင်း ရရှိပါသည်။