လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် ရဲတပ်ဖွဲ့သည် ရေခဲနှင့် နှင်းများကို ဖယ်ရှား

(GMT+08:00)2024-02-26 13:56:36  

   ပြီးခဲ့သည့်ရက်များက ဟူနန်ပြည်နယ် Chengzhou မြို့တွင် မိုးဆက်တိုက်ရွာပြီး၊ ဆီးနှင်း များ ကျနေသဖြင့်၊ Xia Rong အမြန်မောင်းကားလမ်းများစွာ ဆီးနှင်းများ ဖုံးလွှမ်းသွားပြီး ခရီးသွားလာမှုကို ထိခိုက်စေခဲ့ပါသည်။ ရဲတပ်ဖွဲ့ မှ တာဝန်ကျတပ်ခွဲကြီးသည် ဆီးနှင်းခဲဖျက်စက်အပါအဝင်  အထူး ကယ်ဆယ်ရေး အင်အား များကို အသုံးပြုပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် အမြန်ဆုံး ဆောင်ရွက် ခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ည ၇ နာရီအထိ တပ်ခွဲကြီးသည် ဆီးနှင်းခဲများ စုစုပေါင်း ၁၈ ကီလိုမီတာကို ရှင်းလင်းနိုင်ခဲ့သောကြောင့် ပိတ်ဆို့နေသော လမ်းများ အသွားအလာ အဆင်ပြေစေခဲ့ ပါ သည်။