ယူကရိန်းဒုံးကျည်များ ပစ်ချခဲ့သည်ဟု ရုရှား ဆို၊ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်း ဆို

(GMT+08:00)2024-02-26 13:54:54  

ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် ရုရှားတပ်ဖွဲ့သည် Avdiivka ၊ Zaporizhia နှင့် Kupyansk စသည့်ဒေသများတွင် ယူကရိန်းတပ်ဖွဲ့၏ တိုက်ခိုက်မှုများကို ချေမှုန်းခဲ့ရာ ယူကရိန်းတပ်ဖွဲ့၏ အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်နှင့် ခဲယမ်းမီးကျောက်များကို တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် ယူကရိန်းတပ်ဖွဲ့၏ Haimas ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၅ရက်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။ ရုရှားတပ်ဖွဲ့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ပင်လယ်နက်ပင်လယ် ရပ်ဝန်းတွင် ယူကရိန်းနိုင်ငံမှ ပစ်လွှတ်သော ဒုံးကျည်နှစ်စင်းကို ပစ်ချခဲ့ကြောင်းလည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက  ထုတ်ဖော်ပြောကြားခဲ့ပါသည်။
    လွန်ခဲ့သည့်၂၄နာရီအတွင်းတွင် ယူကရိန်းတပ်ဖွဲ့သည် ရုရှားတပ်ဖွဲ့၏ တိုက်ခိုက်မှုများ ကို ချေမှုန်းခဲ့ကြောင်း၊ ယူကရိန်းလေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များသည် ရုရှားစစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၊ လက်နက်ကိရိယာစခန်းများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ် စသည့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးဌာနချုပ်မှ ထိုနေ့တွင် ထုတ်ပြန်သော သတင်းအရ သိရှိရသည်။