ဇန်နဝါရီလတွင် တရုတ်နိုင်ငံတစ်ဝှမ်း အသစ်ထားရှိသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းပမာဏသည် ၂၀၂၃ခုနှစ်အလားတူအချိန်ကာလကထက် ၇၄.၄ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2024-02-26 13:39:31  

    ယခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံတစ်ဝှမ်းလုံး  နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း စုစု ပေါင်း၄၅၈၈ခုကို အသစ်တည်ထောင်ခဲ့ပြီး ၂၀၂၃ခုနှစ်အလားတူအချိန်ကာလကထက် ၇၄.၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ကုန်ထုတ်လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုမှု ပမာဏမှာ ၂၀.၅ ရာခိုင်နှုန်း တိုးလာပြီး ယင်းအနက် အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသုံးပြုမှုသည် ၄၀.၆ ရာခိုင်နှုန်း တိုးများလာသည်။

    တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းမှ နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာအရ စစ်တမ်းကောက်ယူခဲ့သည့် အမေရိကန်ကုမ္ပဏီများ၏ ၅၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံကို ကမ္ဘာပေါ်တွင် ပထမဆုံး သို့မဟုတ် ထိပ်တန်းရင်းနှီးမြှုပ်နှံမှုနေရာ ၃ နေရာ အဖြစ် သတ်မှတ်ထားကြောင်း သတင်းအရ သိရှိ ရ သည်။