China Media Groupမှ မုန့်လုံးရေပေါ်ပွဲတော် ပဒေသာကပွဲသည် ပြည်တွင်းပြည်ပမှ ပရိသတ်များ၏ ချီးကျူးမှု ရရှိ

(GMT+08:00)2024-02-26 13:35:42  

   China Media Groupမှ ၂၀၂၄ ခုနှစ် မုန့်လုံးရေပေါ်ပွဲတော် ပဒေသာကပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညက အောင်မြင်စွာ ထုတ်လွှင့်ပြသခဲ့ပါသည်။ နွေးထွေး ဆန်းသစ်ပြီး ပျော်ရွှင်မှုနှင့် ကျက်သရေအပြည့်ရှိသည့် ယခုအကြိမ် ပဒေသာကပွဲသည် ပြည်တွင်းပြည်ပမှ ပရိသတ်များ၏ ချီးကျူးမှုများကို ရရှိခဲ့ပါသည်။

   ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီအထိ စာရင်းအရ မီဒီယာ မျိုးစုံ၌ တိုက်ရိုက် ထုတ်လွှင့်သော ယခုအကြိမ် ပဒေသာကပွဲကို ကြည့်ရှုသူဦးရေသည် စုစုပေါင်း ၃၅၃ သန်း ရှိပါသည်။ မီဒီယာသစ်များ၌ တိုက်ရိုက် ထုတ်လွှင့်မှု ကြိမ်ရေ ၁၈၄ သန်း၊ ရုပ်မြင်သံကြားမှ ကြည့်ရှုသူ ဦးရေ ၁၆၉ သန်း ရှိပြီး လွန်ခဲ့သည့်နှစ်ကထက် တိုးများလာသည်။ ဆိုရှယ် မီဒီယာ များမှာ ပဒေသာကပွဲဆိုင်ရာ ဖတ်ရှုသူဦးရေသည် သန်း ၂၉၉၀ ရှိပြီး မီဒီယာသစ်များတွင် သက်ဆိုင်ရာ ဗီဒီယိုတိုများ ထုတ်လွှင့်မှု ကြိမ်ရေသည် သန်း ၂၅၀ ရှိပါသည်။ အင်တာနက် အသုံးပြုသူများက "ဒီဇိုင်းပြုတာ ကောင်းတယ်၊ စတိတ်စင်အလှဆင်တာ ကောင်းတယ်၊ သီချင်းရဲ့ တေးသံနဲ့ စာသားကောင်းတယ်"၊ "နိုင်ငံ တစ်ခုလုံး ပြည်သူတစ်ရပ်လုံးအတွက် ပျော်ပါးမှု ဆောင်ကြဉ်းပေးတယ်" ဟု ရေးသား ချီးကျူးထားကြ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။