လူ ၅သောင်းကျော်သည် Zhengzhou “နွေဦးရာသီလေသာ လှုပ်ရှားမှု”အလုပ်ခန့်ပွဲတွင် ပါဝင်ကြ

(GMT+08:00)2024-02-26 13:59:09  

ဖေဖော်ဝါရီလ ၂၅ရက်နေ့က Zhengzhouမြို့ “နွေဦးရာသီလေသာ လှုပ်ရှားမှု” အကြီးစား အလုပ်ခန့်ပွဲတွင် လူများစွာပါဝင် ကြသည့် မြင်ကွင်းသည် ကြီးကြယ်ခမ်းနားလှပါသည်။ လုပ်ငန်းဌာန ၄၀၀ကျော်တို့သည် အလုပ်နေရာ ၁သောင်း ၂ထောင်ကျော်အတွက် အလုပ်ခန့် မည်ဖြစ်ပါ သည်။ ပွဲစီစဉ်သူမှ စာရင်းအရ အလုပ်လာရှာသူဦးရေ ၅သောင်းကျော်ရှိသည်ဟု သိရပါသည်။