တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ကန်၏ အဖြစ်မှန် မဟုတ်သော အစီရင်ခံစာကို ချေပ

(GMT+08:00)2024-02-26 13:41:16  

မေး၊        မကြာခင်ရက်များက အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးသည် ၂၀၂၃ခုနှစ် တရုတ်နိုင်ငံ၏ WTO ဆိုင်ရာ ကတိကဝတ်များ ဆောင်ရွက်ရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ WTO ဆိုင်ရာ ကတိကဝတ်များ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို ပစ်ပယ်ပြီး တရုတ် စီးပွားကုန်သွယ်ရေးစနစ်နှင့် မူဝါဒများသည် ကမ္ဘာ့ ကုန်သွယ်မှုအပေါ် စိန်ခေါ်မှုကြီးများ ဆောင်ကြဉ်း နေသည်ဟု စွပ်စွဲထားကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနအား မေးမြန်းခဲ့ရာ

 

ဖြေ၊  အဆိုပါ အဖြစ်မှန် မဟုတ်သော အစီရင်ခံစာကို တရုတ်ဘက်က သိနေရပြီဖြစ်ကြောင်း၊ အမေရိကန်ဘက်က တရုတ်နိုင်ငံ၏ WTO ဆိုင်ရာ ကတိကဝတ်များ လိုက်နာဆောင်ရွက်ရာတွင် ကြီးမားသော အောင်မြင်မှုများကို လျစ်လျူရှုပြီး၊ တရုတ်၏  ဆိုရှယ်လစ် စျေးကွက် စီးပွားရေး တည် ဆောက်မှုနှင့် ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ရေးဆိုင်ရာ အောင်မြင်မှုများကို ပစ်ပယ် ထား ကြောင်း၊  အထောက်အထားမရှိဘဲ တရားမဝင်သော စံနှုန်းများဖြင့် တရုတ်၏ စီးပွားကုန်သွယ်ရေး ပေါ်လစီ များကို ပြစ်တင်ပြီး တရုတ်နိုင်ငံ၏ တရားနည်းလမ်းကျသော ကုန်သွယ်မှုများကို "စီးပွားရေး ခြိမ်းခြောက်မှုများ" ဟု လွဲမှားစွာ ခေါ်ဆိုကာ အမှားအမှန် ပြောင်းပြန် ပြောဆိုထားကြောင်း၊  အမေရိကန် ၏ပိတ်ဆို့ ဖိနှိပ်မှုများကြောင့် တရုတ်၏တုံ့ပြန်မှုများကို " ကွင်းဆက် ဖြတ်တောက်ခြင်း "ဟု သတ်မှတ်ကာ  ယင်းသည် အမေရိကန်၏ တစ်ဖက်သတ် ဝါဒနှင့် အနိုင်ကျင့်မှုကို အပြည့်အဝ ပြသနေပြီး တရုတ်ဘက်က ပြတ်ပြတ်သားသား ကန့်ကွက်ပါကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း အမေရိကန်သည် "အမေရိကန်သာ ဦးစားပေး"ပေါ်လစီဖြင့် WTO စည်းမျဉ်းများကို ချိုးဖောက်ပြီး တစ်ဖက်သတ်ကုန်သွယ်မှုနှင့် အနိုင်ကျင့်မှု ပြုလုပ်ကာ  နိုင်ငံတကာ ကုန်သွယ်မှုကို ပြင်းထန်စွာ ထိခိုက်စေသည့်အတွက် တရုတ်အပါအဝင် WTO အဖွဲ့ဝင်များက သတိထားအာရုံစိုက်နေကြရ ကြောင်း၊ အမေရိကန်ဘက်အနေနှင့် ၎င်း၏ မှားယွင်းသော ပြောကြားချက်နှင့် လုပ်ရပ်များကို ဆောလျင်စွာ ပြင်ပေးပြီး WTO ၏ စည်းမျဉ်းများနှင့် အမေရိကန်၏ ကိုယ်တိုင် ကတိကဝတ်များကို လိုက်နာကာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပါဝင်သင့်သော အခန်းကဏ္ဍမှ ထိရောက်စွာ ပါဝင်ဆောင်ရွက်ရန် ပန်ကြားကြောင်း ဖြေကြားခဲ့သည်။