ရုရှားနှင့် ဆက်စပ်သည့်အချက်များနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီများကို အမေရိကန်က ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန တုံ့ ပြန်

(GMT+08:00)2024-02-26 18:30:20  

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ရုရှားနှင့် ဆက်စပ်သည့် တရုတ်ကုမ္ပဏီများအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ သတင်းထောက်၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

သတင်းထောက်တစ်ဦးက မကြာသေးမီက အမေရိကန်သည် ရုရှားနှင့် ဆက်စပ်သည့် အကြောင်းများကြောင့် တရုတ်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူခဲ့သည်။ ယင်းနှင့် ပတ်သက်၍ တရုတ်ဘက်၏ မှတ်ချက်က မည်သို့ရှိသနည်းဟု မေးမြန်းခဲ့သည်။

ဖြေ။ ။ သက်ဆိုင်ရာ အခြေအနေကို တရုတ်ဘက်က သတိထားမိသည်။ အမေရိကန်၏ လုပ်ရပ်သည် နိုင်ငံတကာ စီးပွားကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများကို ဖျက်ဆီးပြီး ကမ္ဘာလုံးဆိုင်ရာ  ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်များ၏ လုံခြုံတည်ငြိမ်မှုကို ထိခိုက်သည်။ ယင်းအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ် သားသား ဆန့်ကျင်သည်။ တရုတ်နိုင်ငံသည် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ် သားသား ကာကွယ်ရန် လိုအပ်သော ဆောင်ရွက်မှုများ ကို ပြုလုပ်မည်ဖြစ်သည်။