တရုတ်သိပ္ပံပညာသုတေသီများသည် စကြာဝဠာရောင်ခြည်၏မူလအစကို နိုင်ငံတကာတွင် ပထမဦးဆုံး အတည်ပြုသူများ ဖြစ်လာ

(GMT+08:00)2024-02-26 13:58:22  

စကြာဝဠာရောင်ခြည်သည် ပြင်ပအာကာသမှ လာသော charged particlesဖြစ်ပြီး စကြာဝဠာရောင်ခြည်၏အရင်မူလအစသည် ယခုခေတ် အာကာသရူပ‌ဗေဒတွင် အရေး အကြီးဆုံး ရှေ့တန်းသိပ္ပံအကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ တရုတ်သိပ္ပံပညာ အကယ်ဒမီ The Institute of High Energy Physics(IHEP)မှ ဖေဖော် ဝါရီလ ၂၆ရက်နေ့က ထုတ်ပြန်သောသတင်းအရ တရုတ် သိပ္ပံပညာ သုတေသီများသည် စီချွမ်းပြည်နယ် Daocheng ရှိ ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်သော စကြာဝဠာရောင်ခြည် တိုင်းတာစစ်ဆေးရေးဌာနမှတစ်ဆင့် Cygnus star-forming region၌ ကြီးမားသော ultra-high-energy gamma-ray bubble structureတစ်ခုကို တွေ့ရှိခဲ့ပြီး 10 Peta-Electronvoltကျော် စွမ်းအင်ပါသော စကြာဝဠာ၏ မူလအစကို နိုင်ငံတကာတွင် ပထမဆုံးဦး အတည်ပြုခဲ့သည်ဟု သိရပါသည်။ ယင်း ရလဒ်ကို ဘေကျင်းစံတော်ချိန် ဖေဖော် ဝါရီလ ၂၆ရက်နေ့က “Science Bulletin” ပညာရေး ဂျာနယ်တွင် ထုတ်ပြန်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။